Ngwe Saung Nan Facial Mask (Aloe vera)

2500 Kyats

Description

Ngwe Saung Nan Facial Mask (Aloe vera) - ၂,၅၀၀/ ကျပ်

ငွေဆောင်နန်း စပီရူလိုင်းနား ရှားစောင်းလက်ပပ် မျက်နှာပေါင်းတင်ဆေး

* နေ့စဉ်ရက်ဆက် လိမ်းထားသည့် မိတ်ကပ်နှင့် မျက်နှာပေါ် တင်ကျန်ခဲ့သော ဖုန်မှုန့်များသည် အသားအရေပေါ်ရှိ ချွေးပေါက်များအတွင်း ပိတ်လာတတ်ပါသည်။ ထိုအချိန်တွင် မျက်နှာ အသားအရေ ညစ်လာပါသည်။ ကိုင်ကြည့်လျှင် ကြမ်းနေသည်ကို ခံစားမိနိုင်ပါသည်။ 

* နေ့စဉ် သာမန်မျက်နှာသစ်ဆေးရည်ဖြင့် သစ်နေရုံဖြင့် အညစ်အကြေးများ မသန့်စင်နိုင်ပါ။ အလုပ်များချိန် မအားလပ်ခြင်းကြောင့် မိမိတို့၏ အသားအရေကို နေ့စဉ် ထိန်းသိမ်းပြုပြင်နိုင်သော အချိန်နည်းခဲ့ကြပါသည်။

* ပိတ်နေသော ချွေးပေါက်ထိပ်မှ အညစ်အကြေးများနှင့် မျက်နှာပေါ်မှ အညစ်အကြေးအားလုံးကို ပြောင်စင်အောင် သန့်စင်ပေးပြီး ရှင်းသန့်လှပ ဝင်းမွတ်နေသော မျက်နှာကို ပေးနိုင်သည့် ငွေဆောင်နန်း သဘာဝ စပီရူလိုင်းနား မျက်နှာပေါင်းတင်ဆေးကို မိမိကိုယ်တိုင် အသုံးပြုကြည့်ပါ။

* သုံးရတာ ရိုးရှင်းပြီး သန့်စင်တဲ့ ပန်းကန်ငယ် တစ်လုံးနှင့် ရေပဲလိုအပ်ပါသည်။

* ရေဖြင့် ဖျော်ရခြင်းသည် အသုံးပြုသူမှ အနည်းငယ်သော အချိန်ကို ပေးရသော်လည်း ဘေးအန္တရာယ်ဖြစ်စေသော မှိုသတ်ဆေး အမြောက်အများပါဝင်ခြင်းမှ ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများမှ အသုံးပြုသူအား ကင်းဝေးစေပြီး ကောင်းကျိုးများ ရရှိစေပါသည်။

အသုံးပြုနည်း
* ပထမဦးစွာ ပန်းကန်ငယ်ထဲသို့ ငွေဆောင်နန်း စပီရူလိုင်းနားမျက်နှာပေါင်းတင်ဆေးကို ဖောက်ပြီး အမှုန်များ အဝေးသို့ လွင့်မသွားအောင် ညင်သာစွာ အိတ်ထဲမှ ကုန်အောင်ထည့်ပါ။

* အမှုန့်ထည့်ထားသည့် ပန်းကန်ထဲသို့ ရေသန့် ၁၀ မီလီလီတာ (ဟင်းစားဇွန်း တစ်ဇွန်းခန့်) ထည့်ပြီး လက်သန့်သန့်ဖြင့် အမြုံ့များ မပါသည့် အနှစ်များဖြစ်အောင် ကြိုဖျော်ထားပါ (စပီရူလိုင်းနား၏ အာနိသင်များ ရေနှင့်ဖျော်သော အချိန်တွင် ပိုမို ထွက်လာစေရန် ရည်ရွယ်ပါသည်။ သို့သော် သုံးခါနီးမှ ဖျော်ပါ၊ ပြင်ပအခန်းအပူချိန် ပူပါက Spirulina သည် Protein မြင့်မားသောကြောင့် ရေထိပြီး ကြာလျှင် ပုပ်သိုးတတ်ပါသည်)။ ရေကို သင့်တင့်ရုံထည့်ပါ။ မနည်း/ မများပါစေနှင့်။ ခပ်ပျစ်ပျစ် ဖျော်ထားပါ။

* သင့်မျက်နှာကို သုံးနေကျ မျက်နှာသစ်ဆေးရည်သုံးပြီး ပြောင်စင်အောင်သစ်ပါ။ ရေစက်များကို မျက်နှာသုတ်ပုဝါဖြင့် ခပ်ဖွဖွ သုတ်ပါ။

* မျက်လုံးနှင့် နီးကပ်နေသည့်နေရာမှလွဲ၍ သင့်မျက်နှာအနှံ့ သနပ်ခါး လိမ်းသလို လိမ်းပါ။ အမဲစက်နေရာများအပေါ် ဦးစားပေးပြီး ခပ်ထူထူလိမ်းပါ။ ပိုနေသော/ပန်းကန်တွင် ကပ်ကျန်နေသော ပေါင်းတင်ဆေးကို လည်ပင်းတစ်ဝိုက်နှင့် လက်၊ ခြေထောက်နှင့် ခန္ဓာကိုယ်များတွင် လိမ်းပါ။ သင့်လည်တိုင်သည် ကျော့ရှင်းနေပါက ဆွဲဆောင်မှုအား ပိုမိုရရှိနိုင်မည် ဖြစ်ပါသည်။ ခန္ဓာကိုယ် ပေါင်းတင်ခြင်းကိုလည်း အသုံးပြုနိုင်ပါသည်။

* ပေါင်းတင်ဆေး ခြောက်အောင် ခဏစောင့်ပါ။ လိမ်းပြီး ၃၀ မိနစ်မှ ၄၅ မိနစ်ခန့် အကြာတွင် မျက်နှာပေါင်းတင်ဆေးများ တဖြည်းဖြည်း ခြောက်လာပြီး အသားအရေပေါ်တွင် အနည်းငယ် တင်းလာသကဲ့သို့ ခံစားရပါမည်။ 
(ယင်းသို့ တင်းလာသည်မှာ ပုံမှန်ဖြစ်ပါသည်)။ မျက်နှာတစ်ပြင်လုံး ခြောက်သွားသည်အထိ စကားမပြောဘဲ စောင့်ပါ။

* အားလုံး ခြောက်သွားလျှင် ရေများများဖြင့် မျက်နှာသစ်ပါ။ မျက်နှာသစ်ချိန်တွင် ခြောက်နေသော ပေါင်းတင်ဆေးကို လက်ဖြင့်မခွာမိစေဘဲ ရွံ့ကို ရေဖြင့်ပက်လိုက်ချိန်တွင် ပျော့အိကျလာသကဲ့သို့ အလိုအလျောက် ပျော်ကျလာအောင် ရေများများဖြင့် မျက်နှာသစ်ပါ။ *****အားဖြင့် ဖိပြီး လုံးဝ မပွတ်/ မခွာပါနှင့်။ အားလုံးပြောင်စင်သည်အထိ စိတ်ရှည်ရှည်ဖြင့် မျက်နှာကို ရေများများဖြင့် အချိန်ပေး၍ သစ်ပါ။*****

* မျက်နှာကို မျက်နှာသုတ်ပုဝါဖြင့် ဖွဖွသုတ်ပါ။ 

လှပဝင်းမွတ် ပြောင်ချောနေသည့် သင်ကိုယ်တိုင် အံ့ဩရစေမည့် သင့်မျက်နှာကို လက်ဖြင့် အသာအယာ ထိကြည့်ပါ။ နူးညံ့မှုကို သင်ကိုယ်တိုင် ကြည်နူးစွာ ခံစားရပါလိမ့်မည်။

* သုံးနေကျ မျက်နှာလိမ်း ခရင်မ် သို့မဟုတ် အဆီတစ်မျိုးမျိုးဖြင့် သင့်မျက်နှာကို အသာအယာ ဖြေးညင်းစွာ အပေါ်ဘက်သို့ မတင်ပြီး မျက်နှာအနှံ့ ညင်သာစွာ နှိပ်နယ်လိမ်းပါ။ မျက်နှာပေါ်ရှိ အညစ်အကြေးများ ပြောင်စင်နေချိန်တွင် လိမ်းပါက အသားအတွင်း ပိုမိုစိမ့်ဝင်နိုင်၍ သေချာစွာလိမ်းပါ။

*** မျက်နှာသစ်ပြီးချိန်တွင် အသားအရေ အနည်းငယ် နီရဲခြင်း ဖြစ်တတ်သော်လည်း ခဏကြာလျှင် အလိုအလျှောက် ပျောက်သွားပါလိမ့်မည်။ ကြာရှည်စွာ နီရဲနေပါက အရေပြားဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်ပါသည်။ မျက်လုံးတွင်း မဝင်စေရန် ဂရုစိုက်ပါ။ မတော်တဆဝင်ပါက ရေများများဖြင့် စင်အောင်ဆေးပါ***

ပါဝင်သော ပစ္စည်းအားလုံးသည် အသားအရေကို ဘေးအန္တရာယ် ဖြစ်စေမည့် ပစ္စည်းမျိုး မပါဝင်ပါသဖြင့် သင်ကိုယ်တိုင် သုံးကြည့်ပြီးချိန်တွင် နူးညံ့လွန်းသည့် အထိအတွေ့ကို သင်ကိုယ်တိုင် ခံစားရပါလိမ့်မည်။

* JUNE SPIRULINA မှ ထုတ်လုပ်သော သနပ်ခါးများသည် သနပ်ခါးအစစ်ကိုသာ အသုံးပြုထားပါသည်။ ရှားစောင်းလက်ပပ်သည် စက်ရုံအတွင်း စိုက်ပျိုးထားသော လတ်ဆတ်သည့် Organic ပစ္စည်း ဖြစ်ပါသည်။